Thursday, May 5, 2016

အစိုးရတပ်မတော်မှ ရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင်သွား

ဒေသခံ တစ်ဦးပြောချက် “ အဲ့ဒီ ဗိုလ်မှူးက တပည့်တော်လည်း ၀ိုင်းပြင်ပေးမယ်၊ ဘုန်းဘုန်းအရင်ပြန်လိုက်ပါဆိုပြီး ဘုန်းဘုန်းကိုပြန်ခိုင်းတယ်၊ ဘုန်းဘုန်းလည်း ပြန်သွားရော တားအိုက်တော့ကို ခေါ်သွားလိုက်တယ်”
အစိုးရတပ်မတော် ခလရ (၄၅) တပ်ရင်းမှ မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ အုပ်ချုပ်ရေးမှူး တားအိုက်တော့အား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)ကို ကူညီပံ့ပိုးသည်ဟု စွပ်စွဲကာ မတ်လ ၂၆ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံသတင်းပေးပို့ချက်အရ သိရသည်။

ဒေသခံတဦးပြောပြချက်အရ - တားအိုက်တော့သည် ရွာနှင့် မနီးမဝေးမှာရှိသော နမ့်ပေါ်တံတားတွင် မီးပြင်ရန် ရွာဘုန်းဘုန်းနှင့်ထွက်သွားခဲ့ပြီး မီးပြင်နေစဉ် ခလရ (၄၅) တပ်ရင်း ဗိုလ်မှူးဆိုသူ ကျော်ကျော်အေး ရောက်လာပြီး ဘုန်းဘုန်းအားပြန်လွှတ်ကာ တားအိုက်တော့ကို ဖမ်းဆီးသွားခဲ့ကြောင်းသိရသည်။

တားအိုက်တော့သည် ဖမ်းဆီးခံရသောနေ့မှစ၍ ယနေ့ချိန်ထိ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မသိရသေးကြောင်း သိရသည်။
ယနေ့ နမ့်အွမ်ဘုန်းဘုန်းနှင့် ဦးဇင်းတွေက တားအိုက်တော့ သတင်းစုံစမ်းရန်အတွက် ကွတ်ခိုင်မြို့သို့ သွားနေသည်ဟု ထပ်မံသိရသည်။

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း

Facebook မှ ကူးယူဖော်ပြသည်

No comments:

Post a Comment